Posts

Showing posts from December, 2018

4

{"movies":[ {"title":"သတ္တဌာန တူမျှစံညီ ဟံသာဝတီ ","link":" https://youtu.be/nJpyWjnLpZ0 "}, {"title":"သူတို့အကြောင်းသိကောင်းစရာ  ","link":" https://youtu.be/v0VNwgpgrG0 "}, {"title":"ခဏလေးမှခဏလေး ","link":" https://youtu.be/l4pv2MN26u8 "}, {"title":"သီကုံးပန်းတိုင်းလှစေချင်  ","link":" https://youtu.be/REHo3jpNKzE "}, {"title":"သားနှင်ထုတ်မှတရားရတဲ့အမေ ","link":" https://youtu.be/7mtmRze1e3A "}, {"title":"ဘယ်သူကလှူခိုင်းတာလဲ","link":" https://youtu.be/BHITZ2EmazY "}, {"title":"ပန်းခင်းလမ်းကပြန်ကြပါ ","link":" https://youtu.be/t-tMmoYSBb0 "}, {"title":"ဆေးနဲ့အတူသင်္ကန်းလှူ ","link":" https://youtu.be/rOSQFMLmUjY "}, {"title":"ကျေးဇူးဆပ်ချင် ...

3

{"movies":[ {"title":"လောကကြီးအပေါ်သုံးသပ်ချက်(၄)ပါး ","link":" https://youtu.be/8y0HZFQzySw "}, {"title":"အဆူဆူဆုံးမသြ၀ါဒ","link":" https://youtu.be/3E43TWg3a-4 "}, {"title":"မြတ်စွာဘုရား၏လက်စွဲတရားတော်","link":" https://youtu.be/O0TuFU0H1RI "}, {"title":"ညီတော်အာနန္ဒာရေကြည်တော်ဆက်ခန်း ","link":" https://youtu.be/qFttI_qBMc0 "}, {"title":"ဘ၀အရှုပ်ဘယ်လိုရှင်းမလဲ","link":" https://youtu.be/fh5eEKk4h4s "}, {"title":"တရားအားထုတ်လိုသူတို့၏အရည်အချင်း","link":" https://youtu.be/Y9WaoE1smkE "}, {"title":"မျောက်ဖမ်းကြရအောင် ","link":" https://youtu.be/3LcahcKjObI "}, {"title":"ဒေ၀ဟိတသုတ္တန်","link":" https://youtu.be/Aofv8V1-iFU "}, {"title":...

2

{"movies":[ {"title":"အမေကျေနပ်မှာပါ","link":" https://youtu.be/frwMrN8xx1s "}, {"title":" အပယ်မကျစိတ်သာချ ","link":" https://youtu.be/dSDqnXryMhY "}, {"title":"အပယ်တံခါးပိတ်နည်း ","link":" https://youtu.be/Cf0iK_CpyS4 "}, {"title":"အကောင်းကံကိုချစ်မှအချစ်ကံကောင်းမယ်","link":" https://youtu.be/uuFReL-9eQE "}, {"title":"သစ္စာစကား ","link":" https://youtu.be/KHD-CCAnKyg "}, {"title":"သဗ္ဗဇယမင်္ဂလာသီတင်းကျွတ်အခါ","link":" https://youtu.be/Sm22shMxUr0 "}, {"title":" ငါးပါးသီလအဓိဌာန် ","link":" https://youtu.be/qDFa_hP7ZmE "}, {"title":" စိတ်ထားကောင်းမှချမ်းသာရမယ် ","link":" https://youtu.be/g1fw7FJPHH8 "}, {"title":" တစ်ယောက်တည်းနေတစ်စိ...

1

{"movies":[ {"title":"ပါရာယန ဒေသနာ အပိုင်း (၁) ","link":" https://youtu.be/ ZD9hsL4dKDI "}, {"title":"ပါရာယန ဒေသနာ အပိုင်း (၂)  ","link":" https://youtu.be/rLfRGKEWl5Y "}, {"title":"ပါရာယန ဒေသနာ အပိုင်း (၃) ","link":" https://youtu.be/OPggdF25X6U "}, {"title":"ပါရာယန ဒေသနာ အပိုင်း (၄) ","link":" https://youtu.be/98xuTibcVSw "}, {"title":"ပါရာယန ဒေသနာ အပိုင်း (၅)  ","link":" https://youtu.be/bUJ5tQMZ5Qo "}, {"title":"ပါရာယန ဒေသနာ အပိုင်း (၆)  ","link":" https://youtu.be/FikBFU255wE "}, {"title":"ပါရာယန ဒေသနာ အပိုင်း (၇) ","link":" https://youtu.be/be3T7-VzOJQ "}, {"title":"ပါရာယန ဒေသနာ အပိုင်း (၈)  ","link":" https://youtu.be/M3cWZTeXHic "}, {...
ဝေဿန္တရာဇာတ်တော်ကြီး ရှေးလွန်လေပြီးသောအခါ သိဝိတိုင်း၊ စေတုတ္တရာပြည်၌ သိဉ္စည်းမင်းကြီး မင်းပြု၏။ ထိုမင်း၏ မိဖုရားကြီးသည် ဖုဿတီဒေဝီ အမည်တွင်၏။ အလွန်လှပတင့်တယ်၏။ အချိန်တန်သော် ဖုဿတီဒေဝီသည် သားတော်တစ်ပါး ဖွားမြင်သည်။ ထိုသားတော်ကို ဝေဿန္တရာဟု အမည်ပေးသည်။ ဝေဿန္တရာကို ဖွားမြင်သောနေ့၌ပင် ကောင်းကင်၌ ကျက်စားသွားလာနေသော ဆင်ပျံမတစ်စီးသည် ဆင်ဖြူပေါက်ကလေးကို မင်း၏ဆင်တင်းကုပ်၌ ထားခဲ့ပြီးလျှင် မိမိနေရာသို့ ပြန်သွားေ လသည်။ ထိုဆင်ဖြူတော်ကလေးအား ပစ္စယဟု အမည်ပေးသည်။ ဝေဿန္တရာမင်းသားသည် မွေးစကပင် အလှူအတန်းကို မြတ်နိုးသည်။ မင်းကြီးသည် ဝေဿန္တရာအား အဖိုးတစ်သိန်းထိုက်သော လည်ရွဲတန်ဆာကို ဆင်ပေးထားသည်။ ဝေဿန္တရာသည် အသက် ၄-၅ နှစ် ရှိသောအခါ ထိုလည်ရွဲတန်ဆာကို အထိန်းတော်တို့အား ချွတ်၍ ပေးလှူသည်။ အထိန်းတော်တို့က မယူဝံ့သဖြင့် မင်းကြီးအား ပြန်ပေးသည်။ မင်းကြီးက “ငါ့သားတော်ပေးခြင်းသည် ငါပေးသည်နှင့် အတူတူဖြစ်သည်။ ယူပါ” ဟုဆို၍ လက်ခံစေသည်။ ထို့နောက် လည်ရွဲတန်ဆာအသစ်ကို မင်းသားအား ဆင်မြန်းစေသည်။ ဝေဿန္တရာမင်းသားသည် ထိုလည်ရွဲတန်ဆာအသစ်ကိုလည်း တစ်ဖန် အထိန်းတော်တို့အား ပေးလှူပြန်သည်။ ဤသို့လျှင် ၉-ကြိမ် တိုင်အောင် အထိန်းတော်တို့အ...
ဝိဓူရဇာတ်တော်ကြီး တစ်ရံရောအခါ ကုရုတိုင်း ဣန္ဒပတ္ထနဂိုရ်ပြည်၌ ကောရဗျမင်း စိုးစံသည်။ ထိုမင်း၌ ဝိဓူရ အမည်ရှိသော အမတ် ပညာရှိတစ်ဦး ရှိသည်။ ဝိဓူရသည် ဉာဏ်ပညာနှင့် အထူးပြည့်စုံရုံမျှမက တရားဟောလည်း ကောင်းသည်။ သာယာနာပျော်ဖွယ် အသံဖြင့် တရားဟောတတ်သည်။ သူ့တရားကို နာသူတိုင်း နှစ်သက်မဆုံး ရှိကြသည်။ ကောရဗျမင်းသည် ကြွေအန်ကစားမှု၌ အလွန်တပ်မက်သည်။ ကစားတိုင်းလည်း အနိုင်ရလေ့ရှိသည်။ ဘဝဟောင်းက မိခင်တော်ခဲ့ဖူးသော ထီးဖြူေ စာင့်နတ်သမီးက တန်ခိုးဖြင့် ကူညီလေ့ရှိသောကြောင့် ဖြစ်သည်။ မင်းကြီးသည် ကြွေအန်ကစားသော်လည်း တရားဓ္ဓမကို လွန်စွာမြတ်နိုးသည်။ တစ်နေ့သ၌ မင်းကြီးသည် ဥပုသ်စောင့်၍ ဥယျာဉ်တော်ဝယ် တရားအားထုတ်သည်။ ရှေးဘဝက အဆွေခင်ပွန်းများ ဖြစ်ခဲ့ဖူးကြသော သိကြားမင်း၊ နဂါးမင်း၊ ဂဠုန်မင်းတို့သည်လည်း ထိုနည်းတူ ဥပုသ်စောင့်ကြသည်။ မင်းကြီး နေရာဥယျာဉ်သို့ လာရောက်၍ တရားအားထုတ်ကြသည်။ မင်းလေးပါး ဆုံမိကြသည်။ ထိုအခါ ဝမ်းမြောက် ဝမ်းသာ ရင်းနှီးစွာ စကားပြောကြသည်။ ယင်းသို့ စကားပြောရာမှ သိကြားမင်းက “ယခု ငါတို့လေးယောက် စောင့်သော သီလတွင် ဘယ်သူ၏ သီလက ပို၍ မြတ်သနည်း” ဟု မေးသည်။ ဝရုဏနဂါးမင်းက “အရှင်တို့ သုံးဦး၏ သီလထက် ကျွန...
နာရဒဇာတ်​တော်​ကြီး နာရဒဇာတ်တော်သည်ဇာတ်ကြီး ဆယ်ဘွဲ့တွင် ရှစ်ခုမြောက် ဇာတ်တော်ဖြစ်သည်။ မြတ်စွာဘုရားသည် ရာဇဂြိုလ်ပြည်အနီး နွယ်ချိုတောတွင် သီတင်းသုံးတော်မူစဉ် ဥရုဝေလတောတွင်း၌ ဥရုဝေလကဿပ၊ နဒီကဿပ၊ ဂယာကဿပ တည်းဟူသော ရသေ့ညီနောင် သုံးဦးနှင့်တကွ တပည့်များအား မိစ္ဆာဒိဋ္ဌိအယူမှ ချွတ်သည်ကို အကြောင်းပြု၍ နာရဒဇာတ်တော်ကို ဟောကြားတော်မူသည်။ ထိုဇာတ်တော်ကား အောက်ပါအတိုင်း ဖြစ်သည်။ ၀ိဒေဟရာဇ်တိုင်း၊ မိထိလာမြို့ကို အင်္ဂတိမ င်းကြီးက အုပ်ချုပ်တယ်။။ မင်းကြီးဟာ ဘာသာတရား အလွန်ကိုင်းရှိုင်းပြီးတော့ ဒါနပြု၊ သီလဆောက်တည်၊ ဘာဝနာပွားပြီးနေတယ် ။ မင်းကြီးရဲ့ဒါနပြုပုံ ပြုနည်း တွေကတော့ မြို့ရဲ့လေးပြင်လေးရပ်တွေမှာ အလှူမဏ္ဍပ်တွေ ဆောက်လုပ်ပြီး နေ့စဉ်အလှုတွေပေးတာပါ။ တစ်နေ့မှာတော့ မင်းကြီးဟာ စိတ်ပျော်ရွှင်နိုင်တဲ့ နည်းလမ်းတွေကို အလာတစစ်သူကြီး၊ သုနာမ အ မတ်ကြီး နဲ့ ၀ိဇယအမတ်ကြီး တွေကို မေးတယ်။ ၀ိဇယအမတ်ကြီးရဲ့ ပေးတဲ့အကြံဥာဏ်ကြောင့် မင်းကြီးနဲ့ အမတ်တွေဟာ ကဿပတက္ကတွန်းထံ ချဉ်းကပ်မိကြတယ်။ ကဿပတက္ကတွန်းရဲ့ အယူ အဆများတွေဖြစ်တဲ့ ''တရားကျင့် သောသူအား ကောင်းကျိုးမရှိ၊ မ ကောင်းကျိုးလည်းမရှိ၊ နောက်ဘ၀ဆိုတာမရှိ ၊ သံသရာဆိုတာမရှိ၊...
စန္ဒကုမာရဇာတ်တော်ကြီး စန္ဒကုမာရဇာတ်တော်သည် ဇာတ်ကြီး ဆယ်ဘွဲ့တွင် ခုနစ်ခုမြောက် ဇာတ်တော်ဖြစ်သည်။ ဂေါတမမြတ်စွာဘုရား ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော် ဝေဠုဝန်ကျောင်းတော်အနီး ဂိဇ္ဈကုဋ်တောင်ယံ၌ သီတင်းသုံးတော်မူစဉ် ဒေဝဒတ်ကို အကြောင်းပြု၍ ဟောကြားတော်မူသည်။ ထိုဇာတ်တော်တွင် သစ္စာ၏ တန်ခိုးကို ထင်ရှားစွာ ဖော်ပြလေသည်။ ပါဠိကျမ်းဂန်များ၌ စန္ဒကုမာရဇာတ်တော်ကြီးကို ခဏ္ဍဟာလဇာတ်ဟု ပြသည်။ ဇာတ်တော်၏ အကြောင်းအရင်းမှာ အောက်ပါအတိုင်း ဖြစ်သည်။ ရှေးလွန်လေပြီးသောအခါ ပပ္ဖဝတီပြည်၌ ဝသဝတီမင်း၏သား ဧကရာဇ် အမည်ရှိသောမင်းသည် နန်းစံ၏။ ထိုမင်း၏ သားတော်ကြီးကား စန္ဒကုမာရမည်၍ အိမ်ရှေ့အရာဖြင့် စံရသည်။ ထိုမင်းတွင် ခဏ္ဍဟာလ အမည်ရှိသော ပုဏ္ဏားအမတ်ကြီး တစ်ဦးရှိရာ ထိုအမတ်ကြီးသည် တရားစီရင်ရာ၌ လာဘ်ယူ၍ စီရင်လေ့ရှိသည်။ တစ်ခါသော် အမှုသည် ယောက်ျားတစ်ဦးသည် မတရားသဖြင့် အမှုရှုံးအောင် စီရင်ခြင်းခံရသဖြင့် စန္ဒကုမာရမင်းသားအား တိုင်ကြားရာ မင်းသားသည် နှစ်ဖက်သော အမှုသည်တို့ကို ခေါ်ယူ၍ တရားသဖြင့် စီရင်ပေးသည်။ ထိုအခါမှစ၍ လူအများက မင်းသားကို ကြည်ညိုလျက် အမတ်ကြီးကို ရွံ့မုန်းကြသည်။ အမတ်ကြီးလည်း မိမိသည် မင်းသားကြောင့် ဂုဏ်ပျက်ရသည်ဟု ရန်ငြိုးထားလေသည်။...
ဘူရိဒတ်ဇာတ်တော်ကြီး ဘူရိဒတ်ဇာတ်တော်သည် ဗုဒ္ဓမြတ်စွာ၏ ထင်ရှားသော ဘဝကြီး ဆယ်ပါးကို ပြသည့် ဇာတ်ကြီး ဆယ်ဘွဲ့">ဇာတ်ကြီး ဆယ်ဘွဲ့တွင် ဆဋ္ဌမမြောက်ဇာတ်ဖြစ်သည်။ ဘုရင်းရှင်သည် သာဝတ္ထိပြည်ဇေတဝန်ကျောင်းတော် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ဥပုသ်သီတင်း ဆောက်တည်ကြသော ဒါယကာတို့ကို အကြောင်းပြု၍ ဘုရားရှင်ကိုယ်တော်တိုင်လည်း ရှေးဘဝ ဘူရိဒတ်နဂါးမင်းဖြစ်စဉ် ကြီးစွာသော စည်းစိမ်ကိုစွန့်ကာ ကြီးစွာသော ဆင်းရဲဒုက္ခကိုခံ၍ သီ လပါရမီကို ထိန်းသိမ်းဖြည့်တင်းတော်မူခဲ့ကြောင်း အတိတ်ဆောင် ဟောကြားတော်မူခြင်း ဖြစ်သည်။ ဂါထာပေါင်း ၂၉၈ ပုဒ်ဖြင့် တန်ဆာဆင် ဟောကြားတော်မူသော ထိုဘူရိဒတ်ဇာတ်တော်တွင် ယဇ်ပူဇော်ခြင်း၏ အပြစ်များကို ညွှန်ကြားဖော်ပြ ဟောကြာထားသည်။ ထိုဇာတ်တော်၏ အကြောင်းအရာကား ဤသို့ဖြစ်သည်။ ရှေးလွန်လေပြီးသောအခါ ဗာရဏသီပြည်၌ တပါးသော ဗြဟ္မဒတ်မင်းကြီးသည် မိမိ၏ သားတော် ဥပရာဇာ၌ စည်းစိမ်အခြံအရံ များပြားပြန့်ပွားလှသဖြင့် ထီးနန်းအန္တရာယ် ဖြစ်မည်စိုးသောကြောင့် သားတော်ကို မိမိလွန်မှသာလျှင် တိုင်းပြည်သို့ ပြန်လာရန် မိန့်ကား၍ ပြည်မှထွက်စေသည်။ သားတော ဥပရာဇာသည် ခမည်းတော်၏ အမိန့်အတိုင်း တိုင်းပြည်မှ ထွက်ခဲ့ရာ ယမုနာမြစ်အနီ...